မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ ဧပြီ ၁၁ ရက်နေ့ညနေက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေက ဆန္ဒပြတဲ့သူတွေကို သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ၄ နှစ်ကလေးအပါအဝင် မိသားစုဝင် ၅ ယောက်ကို ဖမ်းသွားတယ်လို့ သိရပါတယ်။
ပစ်ခတ်ဖြိုခွင်းပြီး ဆန္ဒပြရာနေရာအနီး အိမ်တစ်အိမ်က မိသားစုဝင် ၅ ယောက်ကို ဖမ်းသွားတာလို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။
”သူတို့က အိမ်ထဲမှာဝင်ဖမ်းခံရတာ။ ပုန်းရင်းရှောင်ရင်းနဲ့ ဖမ်းခံရတဲ့ အိမ်ရဲ့ဘေးက တခြားအိမ်ထဲကနေ ကျမကမြင်ရတာ။ အမေရယ်၊ ချွေးမရယ်၊ သားရယ်၊ သမီးရယ်၊ မြေးရယ် မိသားစုဝင် ၅ ယောက်ကို ဖမ်းသွားတာပါ။ သူတို့အတွက်လည်း စိတ်မကောင်းဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရတယ်။”
မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ ၂၂ မှာ ဧပြီ ၁၀ ရက်နေ့ကနေစပြီး သဲအိတ်တွေ ကာရံပြီး ဆန္ဒပြခဲ့ကြတာကို ၁၁ ရက်နေ့ ညနေမှာ အိမ်စီးကားတွေ၊ ကရိန်းကား၊ စစ်ကား၊ ရေကား၊ ရဲကား ၁၂ စီးလောက်နဲ့ အကြမ်းဖက်လက်နက်ကိုင်တွေက သေနတ်များပစ်ဖောက် ဖြိုခွင်းခဲ့တာပါ။