ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ နောင်မွန်ရဲကင်းကို ဧပြီ ၁၀ ရက် မနက်က တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်း (TNLA)နဲ့ ကိုးကန့် (MNDAA) တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ ရဲ ၁၂ ဦးသေဆုံး ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
နောင်မွန်ရဲကင်းကို မနက် ၅ နာရီ လောက်က စတင်ဝင်စီးပြီး မနက် ၇ နာရီလောက်အထိ ပစ်ခတ်ကြရာမှာ ရဲ ၁၂ ဦးသေဆုံးပြီး ရဲမိသားစုဝင် ၇ ဦးဒဏ်ရာရရှိပြီးတော့ ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။
ဒီမနက် ၉ နာရီ ဝန်းကျင်လောက်မှာလည်း တန့်ယန်းလမ်းခွဲမှာ ပစ်ခတ်သံတွေကြား နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရဲစခန်းတစ်ခုလုံး ကျသွားပြီးနောက် လားရှိုးမြို့ အဝင်အဝိုင်းမှာ လုံခြုံရေး ကင်းချထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။