Home
မြန်မာသတင်း
ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ၁ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
April 9, 2021
168964776_1198800687245858_8181955769537867977_n

ကချင်ပြည်နယ် ဖားကန့်မြို့မှာ နေထိုင်တဲ့ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို 

ဧပြီ ၉ ရက် မနက် ၉ နာရီကျော်က စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“ဒီနေ့မနက် ဆန္ဒပြပွဲ သတင်းယူဖို့ထွက်သွားတာ၊ ဖားကန့်မြို့အဝင်ပန်းတင်တံတားနားမှာ စစ်တပ်က ဖမ်းတာလို့ပြောတယ်။ အခု ဖားကန့်မြို့မရဲစခန်းမှာ ကိုယ်ရေးအချက်အလက်နဲ့ ဖုန်းတွေကိုစစ်ဆေးဖို့လုပ်နေတယ်လို့ သိရပါတယ်”လို့ မြို့ခံ တခြားသတင်းထောက် တစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်  ဧပြီ ၉ ရက်နေ့ အထိဖမ်းဆီးခံရတဲ့ သတင်းထောက်စုစုပေါင်း ၉ ယောက်ရှိကာ ၆ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး မြစ်ကြီးနားမြို့က သတင်းထောက် ၂ ယောက်ကိုတော့ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုထားတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024