Home
မြန်မာသတင်း
တာမွေမြို့နယ် ကျောက်မြောင်းတွင် အကြမ်းဖက်စစ်တပ်နှင့်ရဲက အင်အားအလုံးအရင်းဖြင့် လိုက်လံဖမ်းဆီးနေ
DVB
·
April 9, 2021
km12
km9
km2
km6
km7
km3
km
km8

ရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်းမှာ ဒီကနေ့ ဧပြီ ၉ ရက် မနက်ပိုင်းကတည်းက အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင် ရဲနဲ့ စစ်တပ်က  ရပ်ကွက်တွေထဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဆန္ဒပြလူငယ်တွေကို လိုက်လံဖမ်းဆီးနေပါတယ်။

ဒီနေ့မနက် ကျောက်မြောင်းရပ်ကွက်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာလှည့်လည်ဆန္ဒပြနေတဲ့ တာမွေသပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က သတင်းပေးတွေ ဒလံတွေရဲ့ အကူအညီနဲ့ လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။

လက်နက်ကိုင်စစ်သားနဲ့ ရဲတွေ အပြည့်တင်ထားတဲ့ စစ်ကားနဲ့ ရဲကား ၁၂ စီးလောက်နဲ့ လိုက်လံဖမ်းဆီးမှုတွေကြောင့် အနည်းဆုံး လူငယ် ၈ ယောက် လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

တာမွေ အ.ထ.က ၂ ကျောင်းထဲမှာ စစ်တပ်က တပ်စွဲချထားသလို စစ်ကားတွေနဲ့ ရဲကားတွေလည်း လက်ရှိ မွန်းလွဲ ၁ နာရီလောက်အထိ ဆက်တိုက်လှည့်လည်နေတဲ့အတွက်  ရပ်ကွက်နေပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

တာမွေ ကျောက်မြောင်းမှာ ပြည်သူတွေက အာဏာသိမ်းစစ်အုပ်စုကို နေ့စဉ် ညသပိတ် နေ့သပိတ် ပုံစံမျိုးစုံနဲ့ ဆက်လက်ဆန့်ကျင် ဆန္ဒပြနေတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုကလည်း ကလေးငယ်တွေကို ငွေပေးပြီး သတင်းပေးအဖြစ် စေခိုင်းတာ ရှိသလို၊ ဈေးသည်ပုံစံနဲ့ လှည့်လည်သတင်းယူနေတာတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့  စစ်အုပ်စုထောက်ခံသူတွေကို ဒလံမွေးထားပြီး သတင်းယူကာ ဆန္ဒပြလူငယ်တွေကို လိုက်လံဖမ်းဆီးနေတာလည်း နေ့စဉ်ရှိနေပါတယ်။ 

Photo- CJ Credit

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024