Home
မြန်မာသတင်း
တာမွေမြို့နယ် တိုက်ခန်းတခုတွင် သားအမိနှစ်ဦး အသတ်ခံရ
DVB
·
October 20, 2023
Murder_20102023

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဓမ္မစိန္တာလမ်းက တိုက်ခန်းတခုအတွင်း သားအမိနှစ်ဦး အောက်တိုဘာ ၂၀ ရက် မနက်က အသတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဓမ္မစိန္တာလမ်းနှင့် နိ​ရောဓ လမ်းထောင့်ရှိ နေအိမ်တိုက်ခန်းအတွင်း မိခင် ကျောင်းဆရာမ နဲ့ သမီးဖြစ်သူ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတဦးတို့ ထိုးသွင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။

"အပေါ်ဆုံးထပ် ရှစ်လွှာတိုက်ခန်းထဲမှာ အသတ်ခံရတာပါ။ သူတို့အခန်းမှာက အမျိုးသမီး ၃ ဦးနေကြတာ။ ဆရာမဒေါ်မေရီတင်နဲ့ သူ့သမီး မေစန္ဒာထွေးတို့ ၂ ဦးပဲ တိုက်ခန်းမှာရှိကြတာ။ တယောက်ကတော့ တရားစခန်းဝင်နေလို့ လွတ်သွားတဲ့သဘောပါ" လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

လူသတ်သမားလို့ ယူဆရသူဟာ နေအိမ်က လက်တိုလက်တောင်းခိုင်းနေသူတဦးဖြစ်ပြီး နေအိမ်ခန်းအတွင်းရှိ ပစ္စည်းတွေကို ယူဆောင်ထွက်ပြေးသွားပြီးနောက် လက်ရှိ ဖမ်းဆီးရမိထားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပေမဲ့ ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ တာမွေမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024