မကွေးမြို့မှာ ဧပြီလ ၈ ရက်နေ့ညက စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ညသပိတ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
မကွေးမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေက ပစ်ခတ်လို့ အမျိုးသားနှစ်ဦးသေဆုံးခဲ့သလို ဖမ်းဆီးထိန်းသိမ်းတာတွေပြုလုပ်နေတာကြောင့် နည်းလမ်းမျိုးစုံနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရတာလို့ မြို့ခံတဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ရပ်ကွက်ထဲတွေကိုဝင်ရောက်ပြီး ပစ်ခတ်တာတွေ၊ ဆန္ဒပြရာမှာ ပါဝင်တဲ့သူတွေကို လိုက်လံဖမ်းဆီးတာတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ ဒိုင်းကာတွေကို သိမ်းဆည်းပြီး အမှုဖွင့်အရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား၊ ပြည်သူတွေနဲ့ပတ်သက်လို့ မကွေးမြို့နယ်ရှေ့နေများ အသင်းက အခမဲ့လိုက်ပါကူညီပေးနေပြီး ကျောင်းသားတစ်ချို့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။