ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန် ဟန်ကိုင်းအောက် နှောင်း၀မ်သွားတဲ့လမ်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်သားတွေ မိုင်းနင်းမိပြီး ၅ ဦးကျဆုံး၊ ၈ ဦး ဒဏ်ရာပြင်းထန်စွာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်တပ်သားတွေဟာ ဧပြီ ၈ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ ဒေါ့ဖုန်းယန် ဟန်ကိုင်းအောက် နှောင်းဝမ်သွားတဲ့လမ်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေက ယာယီထောင်ထားတဲ့ မြေမြှုပ်မိုင်း ၂ လုံးနှင်းမိခဲပြီး သေဆုံးဒဏ်ရာရခဲ့ကြတာပါ။
အကျအဆုံးများသွားတဲ့အတွက်ကြောင့် ဒေါ့ဖုန်း ဟန်ကိုင်း (၁၄၂) အကြမ်းဖက်တပ်ဖွဲ့ တပ်ဟာ လိုင်ဇာအနီး ကွမ်ဘာယန်နဲ့ လဇောင်ဘွမ်တောင်ဘက်ကို လက်နက်ကြီးနဲ့ ည ၈ နာရီခွဲအချိန် ၈ ချက်လောက် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။