ကွင်းလယ်ကစားသမားသစ် မီခေးလ်မယ်ရီနိုဟာ ဒဏ်ရာကြောင့် ၂ လလောက် အနားယူရမယ်လို့ အာဆင်နယ်အသင်းက သတင်းထုတ်ပြန်သွားပါတယ်။
စပိန်ကွင်းလယ်လူ မယ်ရီနိုဟာ အသင်းနဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာပဲ ပခုံးဒဏ်ရာ ရရှိခဲ့တာပါ။
ဒဏ်ရာအခြေအနေကို စစ်ဆေးခဲ့ပြီး နောက်မှာ ၂ လလောက် အနားယူရမှာဖြစ်ပြီး လာမယ့် အောက်တိုဘာလ နောက်ဆုံးအပတ်မှသာ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်ရှိ ကွင်းလယ်ကစားသမားကို အာဆင်နယ်က ပေါင် ၃၁ ဒသမ ၆သန်းနဲ့ ခေါ်ယူခဲ့တာပါ။
ဘရိုက်တန်နဲ့ပွဲမှာ ကွင်းလယ်လူ ဒက်ကလန်ရိုက် အနီကတ် ပြသခံခဲ့ရလို့ လာမယ့်ပွဲစဉ်တပွဲကို ပွဲပယ်ခံရမှာဖြစ်ပြီး မယ်ရီနိုဟာလည်း ဒဏ်ရာရခဲ့တာက နည်းပြအာတေတာအတွက် ခေါင်းခဲစရာ ဖြစ်ခဲ့ရပါတယ်။
Photo-Reuters