ကျောက်ပန်းတောင်းမြို့၌ ရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်သဖြင့် ၁ ဦးသေဆုံး
DVB
·
April 8, 2021
ကျောက်ပန်းတောင်းမြို့မှာ ဒီနေ့မနက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူငယ်တွေက ပြောက်ကျားသပိတ်ဆင်နွဲခဲ့ကြပါတယ်။
သပိတ်ဆင်နွှဲပြီး လူစုခွဲပြီးချိန်မှာ စံပြရပ်ကွက် စံပြကန်အနီးကို စစ်အာဏာသိမ်းကောင်စီရဲ့ အကြမ်းဖက်စစ်တပ်ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၀ ပတ်ဝန်းကျင်ရှိ ပေါက်စီရောင်းချသူ ဦးတင်မိုး ခါးကိုကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရ ဦးတင်မိုးကို အကြမ်းဖက်စစ်တပ်က ခေါ်ဆောင်သွားပြီ မိတ္ထီလာကို ပို့ဆောင်စဥ် လမ်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။