Home
မြန်မာသတင်း
ကလေးမြို့တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် ၁၁ ဦး ကျဆုံး
DVB
·
April 7, 2021
170581842_2807740916207480_3162793869902369335_n

ကလေးမြို့မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒီနေ့ညနေ ၅ နာရီထိ ကျဆုံးပြည်သူ ၁၁ ယောက် ရှိလာပြီလို့ သိရပါတယ်။

မ်းမြို့ရပ်ကွက်(တာဟန်း)မှာရှိတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ခံတပ်ကို  ဒီမနက် အစောပိုင်း ၅ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေက နှစ်ဘက်ညှပ်ပိတ်ပြီး ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ ကလေးဒေသခံတစ်ဦးက ပြောပါတယ်။

“အခုညနေ ၅ နာရီထိ ပြည်သူ ၁၁ ဦးကျဆုံးထားတယ်။ အခုတော့ ပစ်ခတ်မှုတွေ မရှိတော့ဘူး ငြိမ်သွားပြီ။ ဒဏ်ရသူအများရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၁၅ ဦးထက်မနည်းရှိတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024