မြင်းခြံမြို့တွင် စစ်တပ်က ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးကျည်ဆန်ထိမှန်ဒဏ်ရာရ
DVB
·
April 7, 2021
မန္တလေးတိုင်း မြင်းခြံမြို့မှာ ဧပြီ ၆ ရက်ညပိုင်းက လက်နက်ကိုင် စစ်တပ်နဲ့ရဲတွေက ရပ်ကွက်တွေထဲ လိုက်လံပစ်ခတ်လို့ ပြည်သူ ၁ ယောက် ကျည်ဆန်ထိမှန်ခဲ့ ဒဏ်ရာရသွားခဲ့ပါတယ်။
ဘာအကြောင်းမှမရှိဘဲ ည ၁၀ နာရီလောက်မှာ လိုက်ပစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"လူတွေထွက်အောင်ခေါ်တဲ့သဘောလုပ်တာနဲ့တူတယ်။ ည ၁၁ နာရီလောက်မှာ EPC ရုံးနားက တယောက် အိမ်ထဲမှာနေရင်း လက်ကိုထိတယ်။ ၁၂ ကျော်မှ ငြိမ်သွားတာ" လို့ ဒေသခံတယောက်က ပြောပါတယ်။
ရပ်ကွက်တွေ၊ လမ်းတွေအနှံ့ကို သေနတ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။