Home
မြန်မာသတင်း
လှိုင်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီး ၁ ဦး အဆက်အသွယ်မရသဖြင့် မိဘများစိုးရိမ်
DVB
·
April 7, 2021
169230030_3701630359960004_6785715606573479083_n

ရန်ကုန် လှိုင်မြို့နယ်မှာ  မတ်လ ၂၇  ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၁ ဦး ဒီနေ့အချိန်အထိ အဆက်သွယ်မရတာကြောင့် မိဘဆွေမျိုးတွေက စိုးရိမ်ပူပန်နေကြပါတယ်။

မသိမ့်သိမ့်ဦးဟာ ရန်ကုန်မှာအလုပ်လာလုပ်ရင်း အဆိုပါနေ့မနက်ပိုင်းက အိမ်ကထွက်သွားပြီး ညပိုင်းအထိ ပြန်မရောက်တာကြောင့် နယ်မှာနေထိုင်တဲ့မိဘတွေထံ ဖုန်းဆက်အကြောင်းကြားမှ ဖမ်းဆီးခံရတာကို သိရတာဖြစ်တယ်လို့ ပြောပါတယ်။

မသိမ့်သိမ့်ဦးကို အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြားသိရလို့ သူ့ရဲ့ မိဘတွေက သွားရောက်စုံစမ်းခဲ့ပေမဲ့ ဖမ်းဆီးခံထားရသူ စာရင်းကို ကြော်ငြာထားတဲ့ နေရာမှာ  နာမည်သာတွေ့ရပြီး လူချင်းတော့ တွေ့ခွင့်မရခဲ့သလို သက်ဆိုင်ရာတာဝန်ရှိသူတွေကို မေးမြန်းခွင့်မရဘူးလို့ လည်း ဆိုပါတယ်။

မသိမ့်သိမ့်ဦးဟာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဆင်ဆိပ်ကလေးကျေးရွာ ဇာတိဖြစ်ပြီး သူ့ရဲ့မိဘတွေက ဇာတိရွာမှာ နေထိုင်နေကြပါတယ်။

မသိမ့်သိမ်းဦးကတော့ ရန်ကုန်မြို့မှ သွားရောက်အလုပ်လုပ်ကိုင်းရင်း ခုလို အဖမ်းခံခဲ့ရတာဖြစ်ပြီး ဘာကြောင့် ခုလို ဖမ်းဆီးထားတယ်ဆိုတာလည်း မသိရှိဘူးလို့ မိဘတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024