Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ပင်မသပိတ်စစ်ကြောင်း ဆက်လက်ချီတက်ဆန္ဒပြ
DVB
·
April 7, 2021
170053488_1197309360728324_6707256422469771567_n
170008620_1197309207395006_4804470937061821355_n
169006947_1197309234061670_404080708238769154_n
168972115_1197309170728343_2247030314021128246_n
167754168_1197309264061667_96251841688466784_n
167195311_1197309414061652_4646142655109695813_n

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်တားဆီးပိတ်ပင်မှုတွေ အကြားက ဒေသခံပြည်သူတွေဟာ  စစ်အာဏာရှင်အလိုမရှိကြောင်း ဒီကနေ့ ဧပြီ ၇ ရက်နေ့မနက်မှာ  ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ ဆန္ဒထုတ်ဖော်တဲ့ ပင်မသပိတ်‌စစ်ကြောင်း ဖြိုခွင်းမခံရခင် အောင်မြင်စွာ ချီတက်နိုင်ခဲ့ကြတယ်လို့  သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

"ပင်မသပိတ်စစ်ကြောင်းက အေးမြသာယာဈေးနားထိ ချီတက်နိုင်ခဲ့ကြတယ်။ ဒီနေ့က အာဏာသိမ်းအုပ်စုဘက်က ဖြိုခွင်းမခံရခင် သပိတ်စစ်ကြောင်းကို လူစုခွဲနိုင်ကြတယ်။ ပြီးတော့ အရေးတော်ပုံမအောင်မချင်း ဆက်လက်ချီတက်သွားဖို့ရှိတယ်လို့" ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ အာဏာသိမ်းစစ်ကောင်စီဘက်က အကြမ်းဖက် ဖြိုခွင်းပစ်ခတ်လို့ သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ကချင်ပြည်နယ်တစ်ခုလုံးမှာ သေဆုံးသူပေါင်း ၇ ဦးခန့်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024