ကေအန်ယူ-ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မာန်အောင်ရွာ အနီးမှာ မနေ့ညက နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၁ ဦး ကျဆုံးပြီး ဒေသခံ ၁ ဦး ပေါင်မှာ ဒဏ်ရာရကာ ရွာသားတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒဏ်ရရှိသူကို ဆေးရုံပို့ဆောင်ထားပြီး သေဆုံးသူကတော့ ဒေသခံမဟုတ်ဘဲ အလုပ်လာလုပ်နေသူတဦးဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ခလရ-၂၈၃ တပ်က ရွာသားတွေကို ပစ်ခတ်တာ၊ ရွာသားတွေကို အကာအကွယ်ယူလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ ကျေးရွာလုံခြုံရေး တပ်စခန်းတခုကို စွန့်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်တွေက ကေအန်ယူ-ဒူးပလာယာခရိုငေ ဝင်းရေးမြို့နယ်၊ နို့တကောမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်တို့အတွင်း စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာ တိုးမြင့်လာနေပါတယ်။
အာဏာသိမ်းစစ်အုပ်စုက စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်တာနဲ့ တိုက်ပွဲတွေဖြစ်လာတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်။