မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက် ဖြိုခွင်းတာတွေ ရှိနေပေမယ့် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဧပြီ ၆ ရက်နေ့ မနက်ပိုင်းက မြတောင်သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့မနက် ၅ နာရီခွဲလောက်က ကျန်းမာရေးမိသားစု မန္တလေးရဲ့ အရုဏ်ဦး သပိတ်ကို လူစုနေချိန်မှာ ရဲနဲ့စစ်တပ်က ဖြိုခွဲခဲ့သလို ပြည်သူတွေ လုပ်ဆောင်ထားတဲ့ အတားအဆီးတွေကို လိုက်လံရှင်းလင်းတာတွေ လုပ်နေကြပါတယ်။
အကြမ်းဖက်ဖြိုခွင်းရာမှာ သေနတ်တွေ ပစ်ဖောက်ဖြိုခွင်းခဲ့တာဖြစ်ပြီး ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူတွေ ရှိတယ်လို့ သိရပါတယ်။ဒါ့အပြင် ပြည်သူတွေဆီက အဓမ္မယူထားတဲ့ ဆိုင်ကယ်တွေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေဟာ လှည့်လည်သွားလာပြီး ပြည်သူတွေရဲ့ ဖုန်းတွေ၊ ဆိုင်ကယ် toolbox တွေ ဖွင့်ကာ စစ်ဆေးတာတွေလည်း လုပ်နေကြပါတယ်။