ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ ဧပြီ ၃ ရက် ညနေ ၃ နာရီလောက်က မိုးသက်လေပြင်း ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ဒုက္ခသည်တွေ ဟာယီနေထိုင်တဲ့ လူနေအိမ်အပါအဝင် စားရိက္ခာသိုလှောင်တဲ့ အဆောက်အအုံတွေ ပျက်စီးသွားခဲ့ပါတယ်။
“မနေ့က ညနေပိုင်းလောက်က မိုးသက်လေပြင်းတိုက်လို့ အဆောက်အအုံ တော်တော်များများပျက်စီးသွားတယ်။ တချိုအိမ်တွေဆို သစ်ပင်ပိလို့ ပြိုကျတာကော လေပြင်းလို့ပြိုကျတာကော ရှိတယ်” လို့ စခန်းမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။
လေပြင်းကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေနဲ့ နေအိမ်တွေကို ကော်မတီတာဝန်ရှိသူတွေဆီ တင်ပြထားသလို ပြန်လည်ပြုပြင်ဖို့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေလည်း ရှိနေပါတယ်။