Home
သတင်းဓာတ်ပုံ
မင်းတပ်တွင် လေပြင်းကြောင့် အဆောက်အအုံ ၂၀၀ နီးပါး ပျက်စီး
DVB
·
March 22, 2024
434230318_1758792471276907_6284655310309331212_n
434215555_1758792554610232_3020061683653384557_n
434212229_1758792581276896_381387927946516587_n
434204338_1758792541276900_7661531502030472524_n
434117059_1758792457943575_3081897418483109599_n
434099872_1758792534610234_3666699854718796800_n
434097718_1758792347943586_2069585898419560029_n

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မတ် ၂၁ ရက် ညနေ ၆ နာရီကစပြီး ည ၁၁ နာရီအထိ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်း အပါအဝင် အဆောက်အအုံ ၂၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာတွေပါ လေပြင်းဒဏ်ခံခဲ့ရပြီး အဆောက်အအုံ ၂၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့ခံတဦးက “ညနေပိုင်းလောက်ကတည်းက မိုးဖွဲဖွကျတယ်၊ ၆ နာရီလောက်ကျ မိုးကသည်းလာတယ်၊ လေတိုက်တာလည်း တော်တော်လေးကြမ်းတယ်၊ ကျေးရွာတွေမှာလည်း အပျက်အစီးတော့ များတယ်၊ တမြို့နယ်လုံးပဲ၊ အနည်းနဲ့ အများပဲ” လို့ ပြောပါတယ်။

ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအဆောက်အအုံတွေပါ ပျက်စီးခဲ့ပြီး နှစ်ရှည် ထင်းရှူးပင်တွေပါ လဲကျကုန်တယ်လို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024