ပဲခူးမြို့ ဆံတော်တွင်းလမ်းမှာ ဧပြီလ ၃ ရက် ဒီနေ့မနက် ၉ နာရီလောက်က ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက်၁၈ နှစ်အရွယ်လူငယ် ၁ ဦး ဝမ်းဗိုက် ကျည်ထိမှန် သေဆုံးသွား ပါတယ်။
သေဆုံးသွားသူဟာ ပဲခူးမြို့ ကတွင်းခြံကျေရွာ ရွှေဖရုံမယ် ၉ လမ်းမှာနေထိုင်တဲ့ အသက် ၁၈ နှစ်လောက်ရှိတဲ့ မောင်အောင်မြတ်မွန် ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုပစ်ခက်မှုတွေရှိနေတဲ့ အကြားက ပဲခူးမြို့မှာ Generation Z တွေဦးဆောင်ပြီး အလွှာပေါင်းစုံက ပြည်သူတွေစုပေါင်းကာ စစ်အာဏာရှင်မပြုတ်ကျမချင်း အသံမတိတ်ဘဲ စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်သွားမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။