စစ်ကိုင်းတိုင်း၊ တမူးမြို့ နန်းဖာလုံမှာ ဧပြီ ၂ ရက် မနက်အစောပိုင်း ၂ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် CDM လုပ်ထားတဲ့ ရဲတပ်သား ၁ ဦး ကျဆုံးသွားပါတယ်။
နန်းဖာလုံ မီးသတ်ရုံးမှာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေက အကြောင်းမဲ့ စတင်ပစ်ခတ်တာကြောင့် အသက် ၂၆ နှစ်အရွယ် ရဲတပ်သား ကိုကင်ကင်း ကျဆုံးခဲ့ကာ သူ့ရဲ့ ရုပ်အလောင်းကို အကြမ်းဖက်အဖွဲ့တွေက ပြန်သယ်သွားခဲ့တာလို့ သိရပါတယ်။
“ညပိုင်းက အလောင်းကို သယ်သွားတာ။ အခုမှ မိသားစုတွေ အလောင်းပြန်ရတယ်လို့ ပြောတယ်။ သင်္ဂြိုဟ်ဖို့ လုပ်နေပြီ” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
ညက ပစ်ခတ်မှုမှာ ပျောက်ဆုံးနေသူ အရပ်သား ၂ ဦး လည်းရှိပြီး ဖမ်းဆီးခံရတာလား သေဆုံးတာလားဆိုတာကို အတည်ပြု မရသေးပါဘူး။