Home
မြန်မာသတင်း
ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဂျပန်ရောက်မြန်မာများ မြန်မာ့အရေးဆွေးနွေး
DVB
·
March 31, 2021
165108553_10225830054716037_1305016159414471135_n

CRPHရဲ့ ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံရောက်မြန်မာတွေ မတ်လ ၃၁ ရက်နေ့က  မြန်မာ့အရေးဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ အင်တာနက်မှတဆင့်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဒေါ်ဇင်မာအောင် (ခေတ္တနိုင်ငံခြားရေး ဝန်ကြီး) နဲ့ CRPH ထောက်ပံ့ရေးကော်မတီ(ဂျပန်) အဖွဲ့ဝင်တွေ၊ ပြည်ထောင်စု မြန်မာနိုင်ငံသားများ အသင်း(ဂျပန်) နဲ့ ဂျပန်နိုင်ငံမှာ မြန်မာ့အရေး အစဉ်တစိုက် ဆောင်ရွက်နေသူ Shibuya ဇာနည်တို့ ဆွေးနွေးခဲ့ကြတာပါ။

Shibuya ဇာနည်က အခုလိုဆွေးနွေးခွင့်ရတဲ့အတွက် CRPH နဲ့ ဂျပန်အစိုးရကြား လိုအပ်ချက်တွေကို ပြည်ပအင်အားစုတွေအနေနဲ့ ဖြည့်ဆည်းပေးနိုင်မယ့်အပေါ် ဝမ်းမြောက်မိ ပါတယ်လို့လည်း ဒီဗွီဘီကိုပြောကြားခဲ့ပါတယ်။

CRPH ထောက်ပံ့ရေးကော်မတီ(ဂျပန်)အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး မြန်မာစစ်ကောင်စီကို အရေးယူနိုင်ရေးအတွက် လာမယ့် ဧပြီလ ၆ ရက်မှာလည်း ဂျပန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း ကမ္ဘာ့ကုလသမဂ္ဂ UNHRC ရဲ့ပြည်သူ့ဆက်ဆံရေး ကိုယ်စားလှယ်တဦးဖြစ်တဲ့ Shibuya ဇာနည်က ဒီဗွီဘီကို ပြောပြခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024