အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ဟာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာ ဇန်နဝါရီ ၂၁ ရက်က မြန်မာအသိုက်အဝန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ NUG ဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ဟာ တက်ရောက်လာတဲ့ ထောက်ပို့ပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ နွေဦးတော်လှန်အဖွဲ့အစည်းအသီးသီးရဲ့ မေးခွန်းတွေကို ဖြေကြားသွားခဲ့ပါတယ်။
အထူးသဖြင့် နွေဦးတော်လှန်ရေးကို ထောက်ခံနေတဲ့ နိုင်ငံတကာ အစိုးရတွေအကြောင်း၊ လက်နက်ကိုင် တိုက်ပွဲဝင်တိုင်းရင်းသားအင်အားစုတွေရဲ့ ယုံကြည်မှုရအောင်တည်ဆောက်မှုတွေ၊ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖေါ်နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ၊ စစ်မြေပြင်ရှိ ပကတိရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုလည်း ရှင်းလည်းပြောကြားသွားပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံ စတန်းဖို့တက္ကသိုလ်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတခုကိုလည်း တက်ရောက်ခဲ့ပြီး နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေ ထပ်ဆင့် တိုးမြှင့်သွားမယ်လို့လည်း NUG ဝန်ကြီးတွေက အသိပေးပြောသွားပါတယ်။