ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်အာဏာရှင် အားပေး ပညာရေးမှူး စွမ်းရည်မြှင့်တင် မွမ်းမံသင်တန်းတက်နေတဲ့ ဝန်ထမ်းတွေအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ယူနီဖောင်းမပါဘဲ ခိုးကြောင်ခိုးဝှက်သင်တန်းမတက်ကြဖို့၊ ပြည်သူ့အာဏာဖီဆန်ရေး CDM မှာ မပါဝင်ဘဲ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်တဲ့ မွမ်းမံသင်တန်းတက်နေတဲ့ ဆရာဆရာမတွေကို ကျောင်းယူနီဖောင်းအပြည့် သင်တန်းတက်ကြဖို့၊ စစ်အာဏာရှင်ဘက်ကရပ်တည်ပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးတဲ့ မြို့နယ်ပညာရေးမူးဦးအောင်ဆွေ အလိုမရှိကြောင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ ဆရာဆရာမတွေက ရွှေကူမြို့ အထက(၂) ကျောင်းရှေ့မှာ မှုတ်ဆေးဘူးတွေနဲ့ စာရေးထားပါတယ်။
ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တံခါးကို မတ် ၃၁ ရက်နေ့မှာ ခြွင်းချက်မရှိ ပိတ်သိမ်းတော့မယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ထားပါတယ်။