ရန်ကုန် သာကေတမြို့နယ်ထဲမှာ မတ်လ ၃၀ ရက် ညနေပိုင်းက လမ်းဘေးဈေးရောင်းသူ တချို့နဲ့ လမ်းသွားလမ်းလာပြည်သူ ၁၀ ယောက်ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်ကြုံခဲ့ရသူ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ မနက်အစောပိုင်းမှာလည်း အရပ်သား ၃ ယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။
စစ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၃၀ အထိ သာကေတမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးသူ အနည်းဆုံး ၆ ဦးအထိ ရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူပေါင်း အနည်းဆုံး ၂၀၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။
သာကေတမြို့နယ် နေ့ရောညပါ အကြမ်းဖက် ပစ်ခတ်တာတွေ နေ့စဉ်နဲ့အမျှ ရှိနေပေမယ့်လည်း သပိတ်စစ်ကြောင်းတွေကတော့ အားမလျော့သွားပဲ စစ်အာဏာရှင်စနစ်ကို ဆန်ကျင် ဆန္ဒဖော်ထုတ်နေကြတာပါ။
Photo...Credit