ကရင်အမျိုးသားအစည်းအရုံး- ကေအန်ယူ ဒူးပလာယာခရိုင် (ကြာအင်းဆိပ်ကြီးမြို့နယ်) နို့တကောမြို့နယ်မှာ စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ်အသက်ကယ်ဆယ်နိုင်ဖို့ မတ်လ ၃၀ ရက်က အခြေခံရှေ့ဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ရဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ် အသက်ကယ်ဆယ်နိုင်ဖို့ အတွက် အခြေခံရှေ့ဦးသူနာပြုစုနည်း ရက်တို ၅ ရက်သင်တန်းကို သင်တန်းသား သင်တန်းသူ ၃၄ ကိုသင်ကြားပေးနေတာပါ။
အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေကို ကျည်ဆန်အစစ်တွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းတာတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေအပြင် ကျဆုံးသူ ၃၀၀ နီးပါး အထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။