ဒီနေ့မနက် ၁၁ နာရီ ဝန်းကျင်က မူဆယ် ၄၅ ကုန်း သပိတ်စစ်ကြောင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်တာကြောင့် အမျိုးသား ၁ ဦး ကျဆုံးသွားတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။
ကျဆုံးသူမှာ အသက် ၃၅ နှစ်ရှိ စျေးသည် ကိုညိုမင်းသူ ဖြစ်ပြီး မူဆယ် ဟိုမွန်ရပ်ကွက်၊ ကံ့ကော်လမ်းခွဲ၊ အ.ထ.က ၂ လမ်းဆုံမှာ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနဲ့ ကျဆုံးသွားတယ်လို့ မျက်မြင် ၁ ဦးက ပြောပါတယ်။
မူဆယ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ဖြိုခွင်းတာကြောင့် ၄ ဦးကျဆုံးခဲ့ပြီဖြစ်ပြီး အရင်နေ့က အလောင်းတွေ အားလုံး ပြန်မရခဲ့တာလည်းဖြစ်ပါတယ်။