ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့တပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်တွေ ဒီနေ့ မတ်လ ၂၉ ရက်မနက်မှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။
ကျောက်ကြီးဒေသခံတစ်ဦးက “ ဒီမနက်အစောပိုင်းကတည်းက ပစ်နေကြတာ ခုထိပဲ ကျမတို့ ခုပြောင်းဖို့အထုတ်တွေ တင်နေရပြီ"လို့ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က ပြောပါတယ်။
ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ ၅ နယ်မြေထဲကို အကြမ်းဖက်စစ်အုပ်စုက မတ်လ ၂၇ ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကျောက်ကြီးဒေသမှာတော့ မတ်လ ၂၈ ရက်နေ့ကတည်းက ဒေသခံတွေကို ပစ်ခတ်မှုတွေရှိနိုင်တာကြောင့် ရှောင်တိမ်းဖို့ အသိပေးထားတယ်လို့ သိရပါတယ်။