Home
မြန်မာသတင်း
ကျောက်ပန်းတောင်းတွင် ကျဆုံးသူ ၂ ဦးအား မီးသင်္ဂြိုဟ်ပြီးမှ သရဏဂုံတင်ခွင့်ရ
DVB
·
March 28, 2021
165670279_4026173927498031_1507007049333251929_n

မတ် ၂၇ ရက်နေ့ ကျောက်ပန်းတောင်းမြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ ကျဆုံးခဲ့သူ ၂ ယောက်ကို မီးသင်္ဂြိုဟ်ပြီးမှ သရဏဂုံတင်ခွင့်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူတာရပ်ကွက်မှာ မနက်ပိုင်းက ဆန္ဒပြဖို့ လူစုနေတုန်း စစ်ကား ၂ စီးရောက်လာပြီး ဖြိုခွင်းခဲ့လို့ နီးစပ်ရာ အိမ်တွေထဲ ရှောင်ခဲ့ပေမဲ့ ထွက်လမ်းမရှိဘဲ ကမ်းပါးတွေပဲ ရှိတာကြောင့် လူ ၅၀ လောက် အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြိုခွင်းတုန်းမှာ မောင်ဝင်းမျိုးဦးရဲ့ ဦးခေါင်းကို သေနတ်ထိမှန်လို့ လဲကျသွားတုန်း သွားဆွဲယူဖို့ ကြိုးစားတဲ့ ရဲဝန်ထမ်းဟောင်း ကိုဝင်းဇော်ရဲ့ ဘယ်ဘက်ပါးကိုလည်း ကျည်ထိမှန်ခဲ့တာပါ။

“အလောင်းတွေကို စစ်တပ်က ကားနဲ့ ဆေးရုံကိုယူသွားတယ်။ မိသားစုက သွားယူတော့ မီးသင်္ဂြိုဟ်စက်က စောင့်ဆိုပြီး ယောကျ်ားသားတွေ မပါဘဲ အမျိုးသမီး ၄ ယောက်ပဲ လာခိုင်းတယ်။ မီးသင်္ဂြိုဟ်စက်မှာလည်း ကိုဝင်းဇော်ရဲ့ အမျိုးသမီးက ဓာတ်ပုံရိုက်တော့လည်း စစ်သားတွေက သေနတ်နဲ့ ချိန်ပြီး ပြန်ဖျက်ခိုင်းတယ်။ အဲဒီမှာ အလောင်း ၂ လောင်းရှိတယ်။ အင်္ကျီတွေတော့ မရှိဘူး။ မီးသင်္ဂြိုဟ်ပြီးမှ ဘုန်းကြီးကျောင်းကိုသွားပြီး သရဏရုံတင်ရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

သပိတ်အတွက် လူစုနေသူတွေကို စစ်တပ်က ဖြိုခွင်းလို့ ဒဏ်ရာရသူ ၁၀ ယောက်ကျော်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024