Home
မြန်မာသတင်း
ထိုင်းဘက်သို့ တရားမဝင်ဖြတ်ကျော်ဝင်ရောက်သည့် မြန်မာ ၁၆ ဦး ဖမ်းဆီးခံရ
DVB
·
March 28, 2021
c1_2090955_210328145649

ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့  မြန်မာနိုင်ငံသား ၁၆ ယောက်ကို ကင်းလှည့်စစ်တပ်က ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းမိခဲ့သူတွေထဲမှာ အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီး ၆ ယောက်ပါဝင်ပြီး ဆန်ခလာဘူရီခရိုင်ထဲက ဝါးတောတခုထဲမှာ မတ် ၂၇ ရက်ည ၆ နာရီခွဲလောက်က ဖမ်းမိ ခဲ့တာလို့ ဗိုလ်မှူးကြီး ချလမ်ပိုလ် ဆန်တန်က ဆိုပါတယ်။

စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ချိန်မှာတော့ သူတို့ဟာ မြန်မာအလုပ်ပွဲစားတွေက တဆင့် ဖုန်းအဆက်အသွယ်လုပ်ခဲ့ကြပြီး ခုလိုလာရောက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

တောထဲမှာ ပုန်းနေပြီး သူတို့ကို လာရောက်ခေါ်ဆောင်မယ့် သူတွေကို စောင့်ဆိုင်း နေချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့ထဲက ၅ ယောက်က ချောင်ဘူရီ၊ ၄ ယောက်က ဆမွတ်စာခွန်၊ ၃ ယောက်က ဘန်ကောက်၊ ၃ ယောက်က ရက်တ်ချဘူရီနဲ့ ၁ ယောက်က ဆမွတ်ပရာကန်ဒေသတွေဆီ သွားရောက်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ အဆိုပါဒေသတွေဆီအရောက် ပွဲစားခ တယောက်ကို ဘတ်ငွေ ၁၄,၀၀၀ ကနေ ၁၇,၀၀၀ ကြားပေးရမှာ ဖြစ်တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။          လတ်တလောမှာတော့ သူတို့ ၁၆ ယောက်ကို ဆန်ခလာဘူရီဆေးရုံကို ပို့ဆောင်ကာ လိုအပ်တဲ့ ဆေးစစ်ဆေးမှုတွေလုပ်ဆောင်နေပြီး တရားမဝင် ဝင်ရောက်မှုအတွက် ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024