ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ညောင်ပင်ရပ်မှာ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ဆန္ဒပြပွဲသပိတ်ကို အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ပလောင်အမျိုးသမီး ၁ ဦး ကျဆုံးခဲ့ပါတယ်။
အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၈၀ လောက်ဟာ ရပ်ကွက်အတွင်း ကျည်အစစ်တွေ သုံးပြီး ပစ်ခတ်ခဲ့တာကြောင့် ပလောင်လူမျိုး မရွှေမြင့် ကျဆုံးခဲ့တာပါ။
ဗန်းမော်မြို့မှာ စစ်အာဏာရှင်တိုက်ပွဲအတွင်း ပထမဆုံး ကျဆုံးခဲ့တဲ့ မရွှေမြင့်ဟာ အမှတ် ၂ စျေးအနီး ပလောင်တန်း အထည်စျေးမှာ အဝတ်အထည်ရောင်းသူဖြစ်တယ်လို့ သိရပါတယ်။
ကျဆုံးခဲ့သူ မရွှေမြင့်ဟာ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကလေး ၂ ယောက်ကျန်ရစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ အလောင်းပင် မရရှိသေးဘဲ အကြမ်းဖက် စစ်အုပ်စုက လုယူသယ်ဆောင်သွားတယ်လို့ သိရပါသည်။
ဒါ့အပြင် ဒီနေ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၈ ဦး ရာဘာကျည်နဲ့ ကျည်အစစ်တွေ ထိမှန် ဒဏ်ရာရရှိခဲ့ကြပြီး CDM ဆရာဝန်အချို့က ပြုစုကုသပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။