ရ၀မ်တိုင်းရင်းသားလူငယ် ၁ ဦး နွေဦးတော်လှန်ရေးတွင်ကျဆုံး
DVB
·
March 27, 2021
ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်သပိတ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် ရဝမ်တိုင်းရင်းသား ညီအစ်ကိုနှစ်ယောက်ကျည်ဆန်ထိမှန်သွားပြီး ညီ အထွေးဆုံးကတော့ ကျဆုံးသွားတယ်လို့ ရ၀မ်လူကြီးတစ်ယောက်က ပြောပါတယ်။
ဒီနေ့ကျဆုံးသွားတဲ့ မောင်ထီဆန်၀မ်ဖီထွန်း(အသက် ၁၉နှစ်) ဟာ ကချင်မျိုးနွယ်စုထဲမှ ရ၀မ်လူမျိုးဖြစ်ပြီး ပူတာအိုခရိုင်၊ နောင်မွန်းဒေသကဖြစ်ပါတယ်။
ရန်ကုန်မှာ ခေါက်ဆွဲဆိုင် တနိုင်တပိုင်လေးဖွင့်ကာ ရပ်တည်နေတဲ့မိသားစု ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ပထမဦးဆုံး ရ၀မ်လူမျိုးစုထဲမှ ကျဆုံးခြင်းဖြစ်တယ်လို့ သိရပါတယ်။