Homeမြန်မာသတင်း
ကျောက်ပန်းတောင်း၌ ကျဆုံးသူ ၂ ဦးကို မိသားစုနှင့်တွေ့ခွင့်မပေးဘဲ အကြမ်းဖက်စစ်တပ်က ချက်ချင်းမီးသင်္ဂြိုဟ်
ကျောက်ပန်းတောင်း၌ ကျဆုံးသူ ၂ ဦးကို မိသားစုနှင့်တွေ့ခွင့်မပေးဘဲ အကြမ်းဖက်စစ်တပ်က ချက်ချင်းမီးသင်္ဂြိုဟ်
DVB
·
March 27, 2021
ကျောက်ပန်းတောင်းမြို့မှာ ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဘူတာရပ်ကွက်က သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
သပိတ်စစ်ကြောင်း စထွက်ချိန်မှာ အကြမ်းဖက်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်ပြီး မောင်ဝင်းမင်းထွန်းအပါအဝင် ၂ ဦး ကျဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ကျဆုံး နှစ်ယောက်အလောင်းကို မိသားစုတွေ့ခွင့်မရဘဲ စစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်အင်အားများစွာက ချက်ခြင်း မီးသဂြိုဟ်စက်ခေါ်ဆောင်သွားကာ မီးသဂြိုဟ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။