ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ် ၈ မြို့နယ်ကို ညမထွက်အမိန့် ည ၈ နာရီကနေ မနက် ၄ နာရီ သတ်မှတ်ထားရာကနေ ည ၁၀ နာရီကနေ မနက် ၄ နာရီထိ လျှော့ချလိုက်ပါတယ်။
လက်ရှိ နေပြည်တော်မှာ အခြေအနေအထိုက်အလျောက် တည်ငြိမ်လာတဲ့အတွက် ယခင်က ထုတ်ပြန်ထားတဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို မတ်လ ၂၆ ရက်နေ့ကစပြီး လျှော့ချပေးလိုက်တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ် ၈ မြို့နဲ့ မြန်မာနိုင်ငံတစ်ဝှမ်းကို ညမထွက်ရအမိန့် စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။
ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံနဲ့ မြောက်ဒဂုံမြို့နယ်တို့ကိုတော့ မတ်လ ၁၄ရက်၊ ၁၅ ရက်တွေမှာတော့ စစ်အုပ်ချုပ်ရေး(Martial Law) သတ်မှတ်ကြောင်း ထပ်မံကြေညာထားပါသေးတယ်။