Home
မြန်မာသတင်း
ကျောက်တံခါးတွင် အကြမ်းဖက်စစ်အုပ်စုပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံး
DVB
·
March 26, 2021
164937701_3663972550392452_3740217133175034174_n

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်  ဆေးရိုးခင်ရွာမှာ ၂၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က အကြမ်းဖက်စစ်အုပ်စု ရွာထဲဝင် ပေါ်တာဆွဲတယ်ထင်ပြီး ရွာသားအချို့ ထွက်ပြေးရာမှ ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် ရဲနဲ့ စစ်တပ်က ကားတွေ ကျေးရွာအတွင်း ဝင်လာစဥ် ရွာသူရွာသားအချို့က လယ်ကွင်းတွေဘက်ပြေးရာမှ အကြမ်းဖက်စစ်အုပ်စုက လိုက်လံပစ်ခက်ရာ ဦးရဲဝင်း အသက် ၆၀ နှစ် ကျည်ဆန်ထိမှန်ပြီး တောင်ငူဆေးရုံမှတဆင့် နေပြည်တော်ဆေးရုံပို့ဆောင်စဉ် ဒီနေ့မနက် ၁ နာရီကျော် လမ်းမှာ ဆုံးပါးသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မနေ့ညက ဒဏ်ရာရရှိသူ ဦးရဲဝင်းနဲ့ သမီး ဒေါ်သီတာစိုး၊ ဦးမောင်တင်ငြိမ်း၊ ကိုဂေါ်လေးတို့ကိုလည်း ကျောက်တံခါးစခန်းမှာ ဖမ်းဆီးခေါ်ဆောင်ထားပြီး ကွယ်လွန်သူ ဦးရဲဝင်းကို ကျောက်တံခါးမြို့ ရင်ခွဲရုံမှာ ထားထာါတယ်လို့ သမီးဖြစ်သူ ဒေါ်အိအိခိုင်က ပြောပါတယ်။

အခုလို ဖြစ်စဥ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့က အကြမ်းဖက်ရဲနဲ့စစ်တပ်ကို ခေါ်လာတာဖြစ်ပြီး အခင်းမဖြစ်ပွားခင် နေ့လယ်ကတည်းက ရာအိမ်မှူးညွန့်ဝင်းက တစ်ရွာလုံးကို ဆိုင်ကယ်နဲ့ လိုက်လံ စိန်ခေါ်ကြိမ်းဝါးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စု ရောက်လာချိန်မှာလည်း ကျေးရွာသူ ရွာသားတွေ ထွက်ပြေးတဲ့အခါ သေနတ်သမားတွေကို ရာအိမ်မှူး ညွန့်ဝင်းက ဟိုဘက်ကိုပစ် သည်ဘက်ပစ်ဆိုပြီး လိုက်လံပြောဆိုခဲ့တယ်လို့ ဆေးရိုးခင်ကျေးရွာ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ ဦးရဲဝင်းဟာ ကျောက်တံခါးမြို့နယ်အတွင်း ပထမဆုံး ကျဆုံးခဲ့သော ပြည်သူတစ်ဦးဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024