မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ မတ်လ ၂၄ ရက်နေ့ အသံတိတ်သပိတ် ဆင်နွှဲပြီး ညသပိတ်ကို ဆက်လက်ပြုလုပ်ခဲ့ရာ ည ၈ နာရီကျော်မှာ စစ်တပ်က အကြမ်းဖက် ပစ်ခတ်တာကြောင့် ဆန္ဒပြနေသူတစ်ယောက် ကျဆုံးပြီး အနည်းဆုံး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ လူငယ်တစ်ယောက်က ပြောပါတယ်။
စံပြရပ်ကွက် အနောက်ခြမ်းမှာ ညသပိတ်ပြုလုပ်နေသူတွေကို စစ်တပ်နဲ့ရဲက သေနတ်နဲ့ အတွဲလိုက်ပစ်ခတ်ခဲ့ရာမှာ အသက်၂၀ ပတ်ဝန်းကျင်ရှိ မောင်ကြည်ဆက်လှိုင်မှာ သေနတ်ဒဏ် ရာရရှိပြီး ဆေးရုံသို့ပို့ဆောင်ချိန်မှာ ကျဆုံးသွားတာလို့ သိရပါတယ်။
ည ၁၁ နာရီ ဝန်းကျင်မှာတော့ ကျဆုံးသူရဲ့ ရုပ်အလောင်းကို နေအိမ်ကို သယ်ဖို့ခွင့်မပြုဘဲ စစ်တပ်ကို ပို့ပေးဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိခဲ့ပါတယ်။