Homeမြန်မာသတင်း
ကြံခင်းမြို့တွင် အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်ထဲ သေနတ်များဖြင့် ပစ်ခတ်ပြီးနောက် မြင်ကွင်း
ကြံခင်းမြို့တွင် အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်ထဲ သေနတ်များဖြင့် ပစ်ခတ်ပြီးနောက် မြင်ကွင်း
DVB
·
March 23, 2021
ကြံခင်းမြို့မှာ မတ်လ ၂၂ ရက်နေ့ ညပိုင်းက အကြမ်းဖက်စစ်အုပ်စု ရဲနဲ့စစ်တပ်က ရပ်ကွက် တွေထဲကို သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။
ရပ်ကွက်ထဲဝင်ရောက်ပစ်ခတ်တဲ့အထဲက ရဲတစ်ယောက်က ''ကြံခင်းသားတွေ စောင်းကြွနေတယ် ကျည်အတောင့် ၁၂၀ ပါတယ် အကုန်ပစ်ကွာ'' ဆိုတာမျိုး ပြောပြီး ပစ်တာလို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက် ရဲနဲ့စစ်တပ်ပစ်ခတ်လို့ အမျိုးသား ၂ ဦးသေနတ်ကျည်ထိမှန်ပြီး ၇ ဦး အဖမ်းခံခဲ့ရသလို နေအိမ်တွေကို အကြောင်းမဲ့ဖျက်စီးတာတွေနဲ့ ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။