မူဆယ်နဲ့ နမ့်ခမ်းမြို့တွေမှာလည်း အကြမ်းဖက် ရဲတပ်ဖွဲ့နဲ့စစ်တပ်က လိုက်လံပိတ်ဆို့ တားဆီးနေတဲ့ကြားက ပျောက်ကျား သပိတ်တွေ ဆက်လက် ပြုလုပ်နေတယ်လို့ ပါဝင်သူတစ်ဦး က ပြောပါတယ်။
မူဆယ်မြို့မှာတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းကို ဒီကနေ့ မနက်ပိုင်းက လှည့်သပိတ် ချီတက်ခဲ့ပြီး နမ့်ခမ်းမှာတော့ ညနေပိုင်းမှာ ချီတက်ခဲ့တယ်လို့ ဆိုပါတယ်။
မူဆယ်နဲ့ နမ့်ခမ်းမြို့တို့မှာလည်း သပိတ်စစ်ကြောင်းတွေ ဖြိုခွင်းခံရတာ၊ လိုက်လံပိတ်ဆို့ တားဆီး ဖမ်းဆီးတာတွေကြောင့် ပြောက်ကျားစနစ်နဲ့ အရုဏ်ဦးသပိတ်၊ လှည့်သပိတ်၊ လူမဲ့ သပိတ်၊ သဲပုံသပိတ်၊ ဖျော်ရည်သပိတ်၊ လိမ္မော်သီး သပိတ် စသဖြင့် ပုံစံပြောင်းကာ စစ်အာဏာရှင် စနစ်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆက်လက် ဆန္ဒထုတ်ဖော်နေကြပါတယ်။
အကြမ်းဖက်ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ၅ ဦးထက် လူမစုဖို့၊ လူစုပါက အင်အားသုံး ဖြိုခွင်းသွားမယ်ဆိုပြီး လိုက်လံသတိပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။