Home
မြန်မာသတင်း
တောင်ဥက္ကလာပတွင် လူငယ် ၁ ဦးအား အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ဖမ်းဆီး
DVB
·
March 20, 2021
20210320_111003

တောင်ဥက္ကလာပမြို့နယ်မှာ ဒီနေမနက် ၁၁ နာရီကျော်က အသက် ၂၀ ဝန်းကျင် လူငယ် ၁ ဦးအား အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အမှတ်(၇)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းတစ်လျှောက်မှာ ဗိုလ်ကြီးအဆင့်ရှိ အရာရှိ ၁ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးတို့ဟာ ရပ်ကွက်အတွင်းရှိ ပြည်သူတွေ လုံခြုံရေးအတွက် ပြုလုပ်ထားတဲ့ အရံအတားဆီးတွေကို ဖယ်ရှားပေးဖို့ ရဲကားနဲ့ ဒီနေ့မနက် ၁၀ နာရီဝန်းကျင် မနက် ၁၀ နာရီဝန်းကျင်တွင် လိုက်လံ သတိပေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သတိပေးပြီးနောက် မင်းရဲကျော်စွာလမ်းနဲ့ ရှင်သိဒတ်လမ်းထောင့်အရောက်မှာ လမ်းအဝင်ဝရှိ ရပ်ကွက်နေပြည်သူတွေ ပြုလုပ်ထားတဲ့ တံခါးတွေကို ဖျက်ဆီးပေးဖို့ အနီးအနားရှိသူတွေအား အတင်အဓမ္မခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။

 အနီးအနားရှိ ဘီလစ်ယက်ခုံမှာ ကစားနေတဲ့ လူငယ်တဦးက ငြင်းဆန်ပြီး ထွက်ပြေးတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ပြီး ပစ်ခက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဖမ်းဆီးခေါင်ဆောင်ခံရသူဟာ အသက် ၂၀ ဝန်းကျင်ရှိ လူငယ်တဦးဖြစ်ပြီး တောင်ဥက္ကလာပ ၅ ရပ်ကွက်မှာ နေထိုင်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024