Home
မြန်မာသတင်း
အကြမ်းဖက်စစ်အုပ်စုကို အရေးယူရန် တိုကျိုကုလသမဂ္ဂရုံးရှေ့၌ အစာငတ်ခံဆန္ဒပြ
DVB
·
March 20, 2021
160221000_10225751249265950_117560736167582722_n

လက်ရှိမြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက ပြည်သူတွေကိုအ ကြမ်းဖက်သတ်ဖြတ်နေတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ပိုမိုသိရှိကာ စစ်အုပ်စုကို အရေးယူတဲ့အထိ ဆောင်ရွတ်ပေးဖို့ရည်ရွယ်ပြီး တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ  ဂျပန်ရောက်မြန်မာ ၂၅ ယောက်က ဒီကနေ့ မတ်လ၂၀ ရက်ကစတင်ကာ ၄၈ နာရီကြာ အစာငတ်ခံဆန္ဒပြနေကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ကိုသူရိန်က “သူတို့ကလက်နက်ကိုင်ပြီး ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတာကို နိုင်ငံတကာကသိဖို့နဲ့  နောက်တခုက ကျနော် တို့ပြည်သူတွေက ဘာမှ မရှိဘူး။ သူတို့ကလက်နက်ကိုင်အနိုင်ကျင့်နေတာ အင်အားချင်းမမျှလို့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာကဝင်ပြီး အရေးယူဆောင်ရွတ်ပေးဘို့ မြန်မာပြည်သူတွေကိုယ်စား လာရောက်ဆန္ဒပြနေရတာပါ”လို့  ဒီဗွီဘီကို ပြောပါတယ်

အစာငတ်ခံဆန္ဒပြပွဲနဲ့အတူ CRPHကို ထောက်ခံဖို့ ဂျပန်ဝန်ကြီးချုပ်ထံ အကူအညီတောင်းခံမယ့် ဂျပန်ပြည်တွေရဲ့ လက်မှတ်ရေးထိုးကောက်ခံမှုအစီအစဉ်ကိုလည်း ပြုလုပ်နေပါတယ်။

ဇော်ဇော်လှိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024