ရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်း မြို့သစ် ၂ လမ်းထိပ်မှာ ဒီကနေ့ မတ်လ ၂၀ ရက် မနက်က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြလူငယ်တစ်ဦး ဦးခေါင်းကို ကျည်ဆန်ထိမှန် ကျဆုံးသွားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်လေ့ရှိတဲ့ ကျောက်မြောင်းရှိ ရပ်ကွက်တွေထဲကို စစ်တပ်နဲ့ ရဲလက်နက်ကိုင်အဖွဲ့တွေက မနေ့ညနေ ကတည်းက ဝင်ရောက်လာပြီး ဆန္ဒပြလူငယ်တွေကို လိုက်လံဖမ်းဆီးနေတာပါ။
ဒီကနေ့ မတ်လ ၂၀ ရက်နေ့မှာလည်း မနက် ၉ နာရီလောက်ကတည်းက လက်နက်ကိုင်ရဲနဲ့ စစ်တပ်က ဝင်ရောက်လာပြီး ရပ်ကွက်ထဲက အတားအဆီးတွေကို ဖယ်ရှားရှင်းလင်းခိုင်းခဲ့ပါတယ်။ ဒီနောက် ဆန္ဒပြလူငယ်တွေကိုလိုက်လံပစ်ခတ်ဖမ်းဆီးနေရာမှာ ကျားကွက်သစ်အနီး ကျောက်ရေတွင်းလမ်းနဲ့ မြို့သစ် ၂ လမ်းထောင့်မှာ လူငယ် တစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးသွားခဲ့တာပါ။
ကျည်ဆန်ထိမှန် သေဆုံးသွားတဲ့ လူငယ်ဟာ အသက် ၂၈ နှစ်အရွယ်ရှိ ကိုသက်ပိုင်စိုးဖြစ်ပါတယ်။
တာမွေမြို့နယ်ထဲမှာ ဒီကနေ့မနက်က အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူတွေပိုင်တဲ့ ကားတွေကိုလည်း ရိုက်နှက် ဖျက်ဆီးသွားပါတယ်။
Photo- Credit