ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရန် မွန်လူငယ်များ မီးရှို့ဆန္ဒထုတ်ဖော်
DVB
·
March 18, 2021
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ မတ်လ ၁၇ ရက်နေ့ ညပိုင်းမှာ မော်လမြိုင်က မွန်လူငယ်တွေဟာ မီးရှို့ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အာဏာရှင်စနစ်ကို သက်ဆိုးရှည်နိုင်တဲ့ အတွက်ကြောင့် မီးရှို့ဆန္ဒထုတ်ဖော်ရတာလို့ ဦးဆောင်မွန်လူငယ်တဦးက DVBကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ မော်လမြိုင်က မွန်လူငယ်တွေ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အခုနောက်ပိုင်းမှာတော့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပစ်ခတ်ဖြိုခွင်းတာတွေကြောင့် ပြောက်ကျားစနစ်နဲ့ ဆန္ဒထုတ်ဖော်လာပါတယ်။