DVB
မိုးညှင်းမြို့မှာ ဆန္ဒပြသူတွေက အကြမ်းဖက် ရဲတွေနဲ့ ထိပ်တိုက်မတွေ့အောင် လူစုခွဲခဲ့ပေမဲ့ လိုက်လံဖမ်းဆီးလို့ ၃ ယောက် ဖမ်းခံလိုက်ရပါတယ်။
ဒီမနက်ပိုင်းက ဆန္ဒပြစစ်ကြောင်းဟာ ဈေးနားမှာ ရဲတွေနဲ့ ထိပ်တိုက်မတွေ့အောင် ဈေးထဲကို လူစုခွဲဝင်ခဲ့ကြတာပါ။
“တချို့တွေကို ဈေးဆိုင်တွေက ခေါ်ထားပေးတယ်။ ဒါပေမဲ့ မိန်းကလေး ၂ ယောက်နဲ့ ယောကျ်ားလေးတယောက် ဖမ်းခံရတယ်လို့ သိရတယ်။ မိန်းကလေး ၃ ယောက်နဲ့ ယောကျ်ားလေး တယောက်လို့လည်း ပြောကြတယ်။ သေချာတော့ မသိသေးဘူး။ သူတို့အကြောင်း စုံစမ်းဖို့ မြို့လူကြီးတွေက ရဲစခန်းကို လိုက်သွားတော့လည်း သေနတ်နဲ့ပစ်လိုက်မယ်လို့ ပြောပြီး အဝင်မခံဘူး။ ရဲစခန်းတံခါးကိုလည်း ပိတ်လိုက်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဖမ်းခံရတဲ့ ယောင်ကျ်ားလေးဟာ ဆန္ဒပြစစ်ကြောင်းဘေးမှာ အမှိုက်လိုက်ကောက်ပေးတဲ့ ပရဟိတသမားတယောက် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။