Home
မြန်မာသတင်း
မိုးညှင်းရှိ စစ်ကောင်စီစခန်း ၃ ခုကို KIA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
DVB
·
June 24, 2024
Photo - KIA ရှေ့တန်းသတင်းရင်းမြစ်
Photo - KIA ရှေ့တန်းသတင်းရင်းမြစ်
Photo - KIA ရှေ့တန်းသတင်းရင်းမြစ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ စစ်ကောင်စီစခန်း ၃ ခုကို မနေ့ ဇွန် ၂၃ ရက် ညနေနဲ့ ဒီနေ့ ဇွန် ၂၄ ရက် မနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ခလရ-၄၂ နဲ့ ရှမ်းနီပြည်သူ့စစ် (SNA) ပူးပေါင်းအင်အား ၅၀ ကျော်ရှိတဲ့ ချောင်းဝ စစ်ကောင်စီစခန်းကို ဒီနေ့ ဇွန် ၂၄ ရက်နေ့ မနက် ၅ နာရီခွဲခန့်က သိမ်းပိုက် ရှင်းလင်းလိုက်ပြီ။”

အဲဒီ ချောင်းဝ စစ်ကောင်စီစခန်းဟာ ၁၉၈၀ နိုဝင်ဘာဘာမှာ KIA ဘက်က ဆုတ်ခွာခဲ့တဲ့စခန်း ဖြစ်တယ်လို့ ဆိုပါတယ်။

KIA ရှေ့တန်းနဲ့နီးစပ်တဲ့ နောက်ထပ်သတင်းရင်းမြစ်တဦးကလည်း “ဝှေလုံ (ဟွေလုံ) စခန်းကို မနေ့ ဇွန်လ ၂၃ ရက်နေ့ ည ၆ နာရီခွဲခန့်က သိမ်းရတယ်။ ညောင်ပင်စခန်းကိုတော့ ည ၈ နာရီခွဲခန့်က သိမ်းလိုက်နိုင်တယ်” လို့ ပြောပါတယ်။

ဝှေလုံ (ဟွေလုံ) စစ်ကောင်စီစခန်းကို အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် ကွပ်ကွဲမှုအောက်က ခမရ-၁၁၁ (ဝန်းသို) ဗိုလ်မှူးဗညားစံ ဦးဆောင်ကာ အင်အား ၄၀ ခန့်ရှိပြီး အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် ကွပ်ကွဲမှုအောက်ရှိ ညောင်ပင် စစ်ကောင်စီစခန်းမှာလည်း ခလရ-၄၂ (ရွှေဘို) နဲ့ SNA အင်အား ၃၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီစခန်းတွေဟာ အင်းတော်ဒေသနဲ့ ဖားကန့်ကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ ထောက်ပို့စခန်းတွေဖြစ်ပြီး ‌ဝှေလုံ (ဟွေလုံ)၊ ညောင်ပင်၊ ချောင်းဝ စတဲ့ စခန်း ၃ ခု စလုံးကို ဇွန် ၂၂ ရက် မနက် ၅ နာရီခန့်ကစပြီး KIA တပ်မဟာ ၉ နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်တည်း ထိုးစစ်ဆင်ခဲ့တာပါ။

အဲဒီတိုက်ပွဲဖြစ်ပွားရာ နေရာတွေဘက်က ဒေသခံတွေတော့ မိုးညှင်း၊ ဟိုပင်၊ နန်းမားဘက် တိုက်ပွဲလွတ်ရာ ရှောင်တိမ်းနေကြတယ်လို့ ဆိုပါတယ်။

အခု ဇွန်လထဲမှာပဲ KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ်က ဆဒုန်း စစ်ကောင်စီဗျူဟာ အပါအဝင် စခန်းကြီးငယ် ၁၉ ခုနဲ့ တနိုင်း‌ ပယင်းမော်က စစ်ကောင်စီစခန်း တခုတို့ကို သိမ်းပိုက်ရရှိထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013