မုံရွာမြို့က ပင်မသပိတ်စစ်ကြောင်းကို မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက အင်အား ထောင်ချီစုဝေးပြီး ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
တခြားရပ်ကွက်တွေမှာလည်း သပိတ်စစ်ကြောင်းတွေ အသီးသီးချီတက်ကြပြီး လုံခြုံရေး အခြေအနေတွေကြောင့် သပိတ်စစ်ကြောင်းအားလုံး မစုစည်းတော့ဘဲ ပင်မသပိတ်စစ်ကြောင်းမှာ လိုက်ပါတဲ့ လုံခြုံရေးအဖွဲ့တွေက သူတို့ရဲ့ ဒိုင်းအကာအကွယ်တွေ ခိုင်ခံ့မှု၊ ကြံ့ခိုင်မှုတွေကို စမ်းသပ်ခဲ့ကြပါတယ်။
သပိတ်စစ်ကြောင်းကိုတော့ ပုံမှန်အတိုင်း အောင်မြင်စွာ လူစုခွဲခဲ့ကြပြီး ဒီနေ့မှာတော့ သပိတ်စစ်ကြောင်း ဖြိုခွင်းဖို့ ရဲ၊ စစ်တပ်တို့ တက်လာတယ်ဆိုတဲ့သတင်းတွေကြောင့် ထိုင်သပိတ် မပြုလုပ်နိုင်ခဲ့ပါဘူး။