Home
မြန်မာသတင်း
တောင်ဥက္ကလာတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ပြည်သူအချို့ ကျည်ဆန်ထိမှန် ဒဏ်ရာရ
DVB
·
March 14, 2021
160164871_4126762544028881_941369756981114790_n
159865426_4126763114028824_1246328856929063879_n
159862344_4126762560695546_93956569813439451_n
158470104_4126762564028879_965505563242200885_n

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်မှာ မတ်လ ၁၄ ရက် ဒီကနေ့ညနေပိုင်းက  အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့်  ပြည်သူတစ်ဦး ကျည်ဆန်ထိမှန်ပြီး စိုးရိမ်ရတဲ့အခြေအနေရှိသလို သေနတ်ဒဏ်ရာရရှိသူတချို့လည်းရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ လှိုင်သာယာမြို့နယ်မှာ စစ်အာဏာရှင်စနစ်ကန့်ကွက်ဆန္ဒပြတဲ့ ပြည်သူတွေ အပေါ် စစ်တပ်နဲ့ရဲက ​သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် လူသေဆုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေအပေါ် တောင်ဥက္ကလာပမြို့နယ်ပြည်သူတွေက ရဲစခန်းမှာစုရုံးမိရင်း ပဋိပက္ခ ဖြစ်ပေါ်​ခဲ့​ပါတယ်။

ညနေ ၆ နာရီဝန်းကျင်မှာတော့ မေတ္တာလမ်းပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အတားအဆီးတွေကို မီးရှို့ပြီးပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ပြည်သူတဦး ဝမ်းဗိုက်ကို သေနတ်ထိမှန်ကာ စိုးရိမ်ရတဲ့အခြေအနေရှိသလို ဦးခေါင်းကို ကျည်ဆန် ရှပ်ထိသူတစ်ဦးနဲ့ ခြေထောက်ကိုထိမှန်သူတစ်ဦးရှိတယ်လို့ အဲဒီပစ်ခတ်မှုအနီးရှိနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024