ဆန္ဒပြပြည်သူတွေရဲ့ သပိတ်ဖြိုခွင်းခံရပေမယ့် မူဆယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့သပိတ်နဲ့ လှည့်သပိတ် ဒီနေ့ ဆက်လက်ပြုလုပ်နေတယ်လို့ ပါဝင်သူတဦးက ပြောပါတယ်။
လူမဲ့သပိတ်ကို မတ်လ ၁၃ ရက်နေ့ နေ့ခင်းပိုင်းကလည်း နန်းတော် မြန်မာ - တရုတ် နယ်စပ် ဝင်၊ ထွက် ဂိတ်နှင့် လေယာဥ်ကွင်းမှာ ပြုလုပ်ခဲ့ပြီး ညနေ ၅ နာရီမှာတော့ ရပ်ကွက်အတွင်း ဆိုင်ကယ် အစီး ၅၀ ခန့် လှည့်လည် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့နဲ့ စစ်တပ်က မတ်လ ၈ ရက် နဲ့ ၁၁ ရက် နေ့တွေမှာ သပိတ်စစ်ကြောင်းကို မျက်ရည် ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေ အသုံးပြုကာ ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးခဲ့ပေမယ့် ပြည်သူတွေက စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ ဆက်လက်ဆန္ဒပြနေကြတာပါ။