Home
မြန်မာသတင်း
ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲပြုလုပ်
DVB
·
March 14, 2021
160236101_4124501827588286_3598575790847664683_n
159794397_4124501527588316_7500394733772064441_n
158333032_4124501660921636_3527502210006590699_n
157703199_4124501607588308_7778606965697037903_n

ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် နဲ့ မတရား ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့အတွက် ပင်းတယမြို့မှာ မတ်လ ၁၃ ရက်နေ့ ညပိုင်းက ဆီမီးပူဇော်ပြီး ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။

ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ်ကို မတ် ၁၂ ရက်နေ့မှာ အစည်းအဝေး ပြုလုပ်မယ်ဆိုပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (ဃ)နဲ့ အမှုဖွင့်ခဲ့တာလို့ ဆရာကြီးနဲ့ နီးစပ်တဲ့ လူတွေက DVB ကိုပြောပါတယ်။

ပုသိမ်ပြည်သူ့ဆေးရုံကြီး ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ခုလိုဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မြို့ခံတွေက ရဲစခန်း ရှေ့တွေမှာ သွားရောက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo - Pindaya Fan

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024