ပုသိမ်မြို့မှာ မတ်လ ၁၃ ရက်နေ့ ညပိုင်းက စစ်အာဏာရှင်ကျဆုံးရေး ညဘက်သပိတ် ကျင်းပပြုလုပ်ပါတယ်။
“စစ်အာဏာရှင်ကျဆုံးရေး ဒို့အရေး၊ သပိတ် သပိတ် မှောက် မှောက်၊ အရေးတော်ပုံ အောင်ရမည်၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ စစ်အာဏာရှင်ကျဆုံးရေး ဒို့အရေး” စတာတွေ ကြွေးကြော်ခဲ့ပါတယ်။
ပုသိမ်မြို့ လမ်းတွေမှာ ညသပိတ်တွေ ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင် အလိုမရှိ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
မတ်လ ၁၂ ရက်နေ့ညက ပုသိမ်ဆေးရုံအုပ်ကြီး ဖမ်းဆီးခံရမှုအတွက် ပြည်သူတွေက ညဘက် ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက် ဖြိုခွဲမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။