တာမွေမြို့နယ်၌ ဆန္ဒပြလူငယ်များကို ရဲက အကြမ်းဖက်ဖြိုခွင်း
DVB
·
March 12, 2021
ရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်းနဲ့ တာမွေဈေးအကြားမှာ စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေတဲ့ ဆန္ဒပြလူငယ်တွေကို မတ်လ ၁၂ ရက်နေ့မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ အသံဗုံးနဲ့ ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ကာ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
ဒါ့အပြင် လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေနဲ့ ဆိုက်ကားတစ်စီးရဲ့ တာယာဘီးတွေကို ဓားနဲ့ ထိုးဖောက် ဖျက်ဆီးသွားခဲ့ပါတယ်။
Photo - JPaing / MPA