ဧရာဝတီတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးမှူး နုတ်ထွက်သွားလို့ တာဝန်တွေယူခဲ့ရတဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စောမြခိုင်ဟာ မတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ နုတ်ထွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်ဟာ မတ်လ ၁၁ ရက်နေ့က စတင်ပြီး ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။
မိသားစုရဲ့ ကျန်းမာရေးအခြေအနေအရ တာဝန်ဆက်လက်ထမ်းဆောင်ဖို့ အခက်အခဲရှိလို့ ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဒေါက်တာ သန်းထွန်းအောင်ဟာ သူရဲ့တာဝန်တွေကို လက်ထောက်ညွှန်ကြားရေးမှူးဖြစ်တဲ့ ဒေါက်တာ စောမြခိုင်ကို လွှဲပြောင်းပေးအပ်ခဲ့တာပါ။
ဒေါက်တာ စောမြခိုင်ရဲ့ နုတ်ထွက်စာထဲမှာတော့ တာဝန်ထမ်းဆောင်ဖို့အတွက် အဘက်ဘက်က အခက်အခဲ ရှိနေတဲ့အတွက် ရာထူးကနေ နုတ်ထွက်ခွင့် ပြုဖို့ တင်ပြထားတာကို တွေ့ရပါတယ်။
ဒါဟာ အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ တိုင်းအဆင့်အကြီးအကဲ အရာရှိ ၂ ဦး တနေ့တည်း နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။