ဒီနေ့ ညနေသုံးနာရီမှာ အင်းစိန်ကနေ စစ်တပ်နဲ့ ရဲတွေ ပြန်လည်ထွက်ခွာပြီးနောက် အင်းစိန်ပေါက်တောဝက လူငယ်တွေ ဘုရင့်နောင်လမ်းပေါ်ပြန်ထွက်လာပြီး ဆက်လက် ဆန္ဒပြနေကြပါတယ်။
ပေါက်တောဝ လူငယ်တွေရဲ့ မနက်ပိုင်းသပိတ်စတင်ပြီး မကြာခင်မှာပဲ စစ်တပ်နဲ့ရဲ ဝင်လာတဲ့အတွက် လူငယ်တွေဟာ ရပ်ကွက်လမ်းတွေထဲကို ပြေးဝင်လူစုခွဲခဲ့တာပါ။
အင်းစိန် ပေါက်တောဝမှာ မတ် ၇ ရက်နေ့ညက ရပ်ကွက်တွေအတွင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ည ၁၁ နာရီခွဲလောက် ဝင်ရောက်လာပြီး သေနတ်တွေ ပစ်ဖောက်ခဲ့ပါတယ်။
မတ် ၈ ရက်နေ့ ည ၁၁ နာရီလောက်ကလည်း အင်းစိန် ပေါက်တော့ဝ ရပ်ကွက်နေပြည်သူ ၁၀၀၀ လောက် အောင်ဇေယျတံတားပေါ် တက်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
အင်းစိန် ပေါက်တောဝ၊ ဘုရင့်နောင်လမ်းသပိတ်ကို မတ်လ ၃ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး မတ်လ ၈ ရက်နေ့အထိ စုစုပေါင်း လူငယ် ၅၀ နီးပါး အဖမ်းခံထားရပါတယ်။